ရေဘေးအကူအညီတွေ လိုအပ်နေဆဲ
2011.11.01

youth network
ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေပုံတွေ၊ တပ်မတော်သားတွေ ကူညီနေပုံတွေကို မြန်မာရုပ်မြင်သံကြားက နေ့စဉ် ထုတ်လွင့်ပေးနေပေမဲ့ အကူအညီ လိုအပ်နေတဲ့ နေရာတချို့မှာ စာနပ်ရိက္ခာနဲ့ သောက်သုံးရေ မရှိတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တချို့က ပြောပြပါတယ်။
လောလောဆယ် ကယ်ဆယ်ရေး အဖွဲ့ပေါင်းများစွာ ပခုက္ကူကို ရောက်နေပေမဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် မြို့နယ်တချို့ကို သွားရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ကူညီ ကယ်ဆယ်ရေး သွားရောက် လုပ်နေတဲ့ နာရေးကူညီမူအသင်း ရန်ကုန်က ဒေါ်ရွှေဇီးကွက်က ခုလိုပြောပါတယ်။
“အုန်းတောတဲ့ မြောက်စုတဲ့ ညောင်ဝန်းပေါက်တဲ့ အဲဒီရွာတွေဆို ဘယ်သူမှ မရောက်သေးဘူး။ စားစရာကို မရှိတော့ဘူး။ ဝေရမယ့်အချိန် သူတို့ အရမ်း စိတ်တိုနေမှာတောင် စိုးရိမ် နေရပါတယ်” လို့
ပေါက်မြို့က ရွာတချို့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်ရွှေဇီးကွက် ပြောပြတာပါ။
ရေဘေးကြောင့် ပခုက္ကူမြို့နယ်အတွင်း ရွှေချောင်း တစ်လျှောက်နဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့တွေက ဒေသတချို့မှာ ရွာလုံးကျွတ် မျောပါသွားတာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ ရေကြီးတာကြောင့် တစ်ရွာလုံး သဲပြင်ကြီး လုံးလုံး ဖြစ်သွားတာလည်း ရှိတယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။