ကမ္ဘာ့ဘဏ်က မြန်မာအပေါ်ကူညီခြင်းကို အမေရိကန် ကျေနပ်
2012.11.03

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် ပြန်လည်ဆက်သွယ် လုပ်ကိုင်လာနိုင်ချိန်အတွင်း ဒီဥပဒေကို သမ္မတက လက်မှတ်ရေးထိုးလိုက်တာပါ။ မနေ့ကတော့ မြန်မာနိုင်ငံ အတွက် သီးသန့်ထောက်ပံ့ကူညီငွေ ဒေါ်လာ သန်း (၈၀)၊ အတိုးမဲ့ချေးငွေ ဒေါ်လာ (၁၆၅) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ( ၂၄၅) သန်း ကူညီမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။ ဒီငွေတွေကို အသေးစားချေးငွေလုပ်ငန်း အပါအဝင် ဆင်းရဲမွဲတေမှု လျှော့ချရေးအစီအစဉ်တွေမှာ အသုံးပြုမယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း (၂၅) နှစ်လောက် အဆက်ပြတ်နေခဲ့ရာက အခုလို ပြန်လည်ဆက်ဆံ ဆောင်ရွက်လာတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland က အခုလိုပြောပါတယ်။
"ဒါကတော့ မြန်မာ့ပြုပြင်ပြောင်းလဲမှုအပေါ် မိမိတို့ရဲ့ တဆင့်ပြီးတဆင့် ထောက်ခံအားပေးနေတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် နဲ့ IMF တို့က ပြောင်းလဲလာတဲ့ မြန်မာကို ကူညီခွင့်ပြန်ရဖို့ လွှတ်တော်မှာ မနည်းကြိုးစားခဲ့ရတာပါ။ အခုလို ရှေ့ကိုလှမ်းနိုင်တဲ့အတွက် အလွန်ပဲကျေနပ်မိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒီနှစ်ဇူလိုင်လအထိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၆၆၂) သန်းကျော် ရရှိခဲ့ပြီး၊ တစ်ဝက်လောက်က ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကို အဓိကထားရင်းနှီးမြုပ်နှံခဲ့တာပါ။