တာဝန်ထမ်းရင်း ကျဆုံးသူ တပ်မတော်သားများကို ဂုဏ်ပြု


2014.12.07
dutyon-die-soldires-305 စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ် ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Kyaw Htoon Naing/ RFA

တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွား ကြတဲ့ စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက် မုဒ်က သူရဲကောင်းစစ်သည်ဗိမာန်မှာ စစ်မှှု ထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေက ဒီနေ့ ကျင်းပ ခဲ့ပါတယ်။

အဲ့ဒီ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမြဲသတိရနေ မှာဖြစ်ကြောင်း ပြသလိုတာကြောင့် အခုလိုအခမ်း အနားကျင်းပတာဖြစ်ကြောင်း အငြိမ်းစား ဗိုလ်ကြီး ရဲမိုးက ပြောပါတယ်။

"တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ရဲဘော်ရဲဘက်တွေကို ကျနော်တို့ မမေ့ဘူး ဆိုတဲ့အကြောင်း အမြဲသတိရနေမှာ ဖြစ်တဲ့ဆိုတဲ့ အကြောင်း ရဲဘော်ရဲဘက်တွေရဲ့ တိုင်းပြည်အတွက် အသက်ကိုပေးဆပ်သွားတဲ့ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓါတ်ကို ကျနော်တို့ အမြဲတမ်း လေးစားဂုဏ်ယူ အမှတ်ရနေမှာ ဖြစ်တဲ့အကြောင်းကို အခုဖော်ပြ ချင်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီအခမ်းအနားကို စီစဉ်ကျင်းပရခြင်းဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျဆုံးသူ တပ်မတော်သားတွေကို မိသားစုဝင်တွေက ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ အေးနေဝင်းနဲ့ ကျော်နေဝင်းတို့ အပါအဝင် တက်ရောက်လာသူ စုစုပေါင်း တစ်ထောင်နီးပါးလောက်က ကျဆုံးခဲ့သူတွေအတွက် လွမ်းသူ့ပန်းခွေတွေ ချခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။