Facebook က ကာကွယ်ရေးဦးစီးချုပ်နဲ့ အကောင့်အတော်များများကို ပိတ်ပင်


2018.08.27
army-page-622.jpg ဖေ့စ်ဘွတ်ကနေဖြုတ်ချလိုက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြဝတီ ဖေ့စ်ဘွတ်စာမျက်နှာတွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြဝတီ ဖေ့စ်ဘွတ်စာမျက်နှာများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ အပါအဝင် တခြား ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ ဖေ့စ်ဘွတ် စာမျက်နှာ Pages ၅၂ ခုနဲ့ အင်စတာဂရမ် Instagram အကောင့် ၁ ခုကို ဖေ့စ်ဘွတ်ကုမ္ပဏီကနေ ဖယ်ရှားပိတ်ပင်လိုက်ကြောင်း ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းတရားတွေနဲ့ သတင်းအမှားတွေ ဖြန့်ဖြူးနေတာကို ကာကွယ်လိုတဲ့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ Facebook က ကြိုးပမ်းနေရာမှာ နှောင့်နှေးကြန့်ကြာခဲ့ကြောင်းနဲ့ အခုတော့ ဖေ့စ်ဘွတ်ဘက်က တိုးတက်မှုကို ပြသနိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။

အခု ပိတ်ပင်ခံရတဲ့ လူပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်သူတွေ အဲဒီလိုချိုးဖောက်အောင် ပြုလုပ်သူတွေအဖြစ် UN Human Rights Council ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ Fact-Finding Mission က တွေ့ရှိထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ကို အသုံးချပြီး နောင်မှာ လူမျိုးရေး ဘာသာရေး မီးတောက်တွေ ဖြစ်လာအောင် မဖန်တီးနိုင်ရေးအတွက် အခုလို ကာကွယ်တားဆီးလိုက်တာဖြစ်ကြောင်း ဖေ့စ်ဘွတ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။