စစ်တပ်ပိုင် မြဝတီ သတင်းစာမျက်နှာကို Facebook ကဖယ်ရှား

စောဖိုးခွား
2021.02.02
စစ်တပ်ပိုင် မြဝတီ သတင်းစာမျက်နှာကို Facebook ကဖယ်ရှား
Photo- AFP

မြန်မာစစ်တပ်ပိုင် မြဝတီသတင်းဌာနကို ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာကနေ ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး စစ်အာဏာသိမ်းပြီး ၄၈ နာရီအတွင်းမှာ မြဝတီသတင်းဌာနကိုလည်း Facebook ကနေ ဖယ်ရှားလိုက်တာပါ။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကို ပြောင်းလဲဖို့ ကြိုးစားတဲ့ မမှန်သတင်းတွေ၊ အကြမ်းဖက်မှုကို ဦးတည်သွားနိုင်တဲ့ သတင်းအမှားတွေကို Facebook က အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပြီး ဖယ်ရှားနေတယ်လို့ ကုမ္ပဏီ ပြောခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စစ်အာဏာ ပြန်သိမ်းတဲ့ လုပ်ရပ်ကို ထောက်ခံအားပေးရေးသားမှု တစ်ချို့ကိုလည်း Facebook ပေါ်ကနေ ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။

မြဝတီသတင်း အပါအဝင် မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့်ပေါင်း (၂၀) ကျော်ကို Facebook ကနေ ဖယ်ရှားထားပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာမျက်နှာကို Facebook က ဖယ်ရှားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

THEIN WIN
2021-02-02 20:09

Thank you Facebook
You are wellcome to remove the foolish Myawady, myanmar military's propaganda, relatives and their supporter accounts from facebook.
Thanks you