တိုင်းရင်းသားလူမျိုးအဖြစ် ဇိုမီး ကို လက်ခံဖို့တိုက်တွန်း


2013.12.30

လာမယ့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ဇိုမီး ကို တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ်ပြုပြီး သန်းခေါင်စာရင်းထဲမှာ ထည့်သွင်းစဉ်းစားပေးဖို့ ဇိုမီး ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ တီးတိန်နှစ်ခြင်းခရစ်ယာန်အသင်းတော်-(ရန်ကုန်) မှာ ကျင်းပပြုလုပ်တဲ့ "ဇိုမီးလူမျိုးနဲ့  ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း" ဆိုတဲ့ ဆွေးနွေးဟောပြောပွဲမှာ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဂင့်ကမ်းလျန်က ပြောခဲ့တာပါ။

" ၂၀၁၄ Census ကျရင် ကျွန်တော်တို့ရဲ့ မူရင်းလူမျိုးနာမည် ဖြစ်တဲ့ ဇိုမီးထည့်သွင်းဖို့ အဲ့ဒါ ဘာသာရေးခေါင်းဆောင်တွေ အဖွဲ့အစည်းတွေကို ကျွန်တော်တို့က အသိပေးလိုက်တာပေါ့နော်၊ အသိပညာရအောင် လုပ်ပေးလိုက်တာပေါ့၊ ဝန်ကြီးဦးခင်ရီပြောတာပဲလေ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့လူမျိုးတွေလည်း တခြားဆိုတာ ပါတာကို၊ အထူးသဖြင့် ကျွန်တော်တို့ကလည်း ဋ္ဌာနေတိုင်းရင်းသားတွေကို ဇိုမီးခေါ်တဲ့သူက နိုင်ငံခြားသားလို့ သတ်မှတ်လို့မှ မရတာ"

ဒါ့အပြင် လာမယ့်ဇန်နဝါရီလနောက်ဆုံးအပတ်အတွင်း ကလေးမြို့မှာလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး အခုလိုဆွေးနွေးဟောပြောမှုတွေ ပြုလုပ်သွားမှာဖြစ်သလို ဇိုမီးလူငယ်အဖွဲ့ပေါင်း ၂၄ ဖွဲ့ ဖွဲ့စည်းပြီး ချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ချင်းပြည်နယ် နဲ့ တခြားနယ်တွမှာလည်း လိုက်လံရှင်းပြသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။