ရွေးကောက်ပွဲမသမာမှုများကို ကော်မရှင်သို့သာ တိုင်ကြားဖို့ သတိပေး

ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရခြင်းဆိုင်ရာ အငြင်းပွားမှုတွေနဲ့ မသမာမှုတွေကို ကန့်ကွက်လိုပါက ပြဌန်းထားတဲ့ နည်းဥပဒေများနဲ့ အညီ ဆောင်ရွက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီများကို သတိပေးစာများ ပေးပို့ထားတယ်လို့ သိရပါတယ်။

2010.11.17
election_vote_cast_305_z.png မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့မှာ မဲပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဒီစာကို နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကန့်ကွက်ချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ နည်းဥပဒေ ပုဒ်မ ၆၇၊ ၆၈ နဲ့ နည်းဥပဒေ ၈၇ တို့နဲ့အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်က ပြဌာန်းထားတဲ့ နည်းဥပဒေတွေထဲမှာ ကန့်ကွက်ချက်တွေကို တခုချင်းအလိုက် ကျပ်ငွေ ၁ဝ သိန်းတင်ပြီးမှ ကန့်ကွက်နိုင်မှာဖြစ်သလို အဲဒီတင်တဲ့ ငွေဟာလည်း ကန့်ကွက်တာ နိုင်သည် ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြန်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ခုလို တရားဝင်ကန့်ကွက်တဲ့အခါ ကော်မရှင်က ခုံရုံးဖွဲ့ပေးပြီး ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကို ကျင်းပေးပြီးတဲ့နောက် ရွေးကောက်ပွဲဟာ သမာသမတ် မကျဘူးဆိုတဲ့ ပြောဆိုစွပ်စွဲတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

အလားတူ မကျေမနပ်ဖြစ်နေတဲ့ ပါတီတွေအနေနဲ့လည်း အတွေ့အကြုံတွေကို သတင်းမီဒီယာတွေကို ပြောဆိုနေတာ ရှိသလို တချို့ကလည်း အစီရင်ခံစာတွေ ပြုစုနေတာ ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာနဲ့ပတ်သက်ပြီး ပါတီတွေရဲ့ အမြင်ကို RFA မှ ဦးတင်အောင်ခိုင်က ဗန်ကောက်မြို့မှနေ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။