ပညာရေးလှုပ်ရှားမှု ဆုတောင်းပွဲ အမေရိကန်ရောက် မြန်မာတွေ ကျင်းပ


2015.03.22
white_house_flag_generic_305_z.png အမေရိကန် ပြည်ထောင်စု သမ္မတ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီ မြို့တော်ရှိ အိမ်ဖြူတော် ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် က မြန်မာတွေက ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို မနေ့က ကျင်းပခဲ့ပြီး၊ ဝါရှင်တန်ဒီစီ တဝိုက်က မြန်မာတွေကလည်း ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

Maryland ပြည်နယ် Rockville မြို့မှာ ဆုတောင်းပွဲ ကျင်းပခဲ့တဲ့အကြောင်း၊ ပွဲတက်ရောက်ခဲ့သူ မအေးသိင်္ဂီကျော် က ပြောပါတယ်။

"နေ့တိုင်းပဲဆန္ဒထုတ်ဖော်နေတာ ဒီနေ့ဆိုရင် ၁၃ ရက်နေ့မြောက်ပေါ့နော်၊ ဒီနေ့မှာတော့ ကျောင်း သားသီချင်းတွေနဲ့ ဂုဏ်ပြုပြီးတော့ ကျောင်းသား များနဲ့ ဝန်းရံပြည်သူများအားလုံး လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲပေါ့၊ ၂၅ ရက်နေ့မှာ ကျောင်းသားတွေကိုရုံးထုတ်မယ်၊ ၂၅ ရက်နေ့အထိကိုတော့ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့ မြန်မာသံရုံးရှေ့နဲ့ အိမ်ဖြူတော်ရှေ့မှာပေါ့နော်"

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့က ဆန္ဒပြပွဲအကြောင်းကိုတော့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဦးအောင်မြင့်ထွန်းက ပြောပြပါတယ်။

"လက်ပံတန်းမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ရှုတ်ချတယ်၊ ဖမ်းဆီးထား တဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့ဆိုပြီးတော့ တောင်းဆိုတဲ့ပွဲပေါ့၊ ကရင်အမျိုးသားလည်းပါတယ်၊ မွန်အမျိုးသားတချို့ပါတယ်၊ ကျောင်းသားလူငယ်တွေပေါ့နော် ၈၈ ကအုပ်စုတွေပါတယ်"

ပညာရေးဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးတဲ့နောက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ဒီလ ၂၅ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။