မြန်မာနိုင်ငံအလယ်ပိုင်း အင်အားပြင်း ငလျင်လှုပ်ခတ်


2016.08.24
bagan-earthquake-620a.jpg ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်းမြို့ရှိ ထီးလိုမင်းလိုဘုရား ငှက်ပျောဖူးပြိုကျသွားသည်ကို သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
.

မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ပုဂံ ရှေးဟောင်းမြို့မှာ ထီးလိုမင်းလိုဘုရားနဲ့ အခြားဘုရားငယ်လေးတွေ ပြိုကျတာတွေရှိတယ်လို့ အမျိုးသား စာကြည့်တိုက်၊ ပြတိုက်နဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင် က ပြောပါတယ်။

"ကျွန်တော်တို့ ရှေးဟောင်းသုတေသနက လိုက်ပြီးတော့ စာရင်းတွေကောက်နေပါတယ်၊ ပျက်စီးတဲ့ ဘုရားလေးတွေလည်း ရှိတယ်ပေါ့နော်၊ လောလောဆယ်တော့ အပြည့်အစုံ မသိရသေးဘူး၊ ခုမှစပြီး စာရင်းတွေ ကောက်နေတာဆိုတော့၊ အများကြီးတော့မဟုတ်ဘူးပေါ့လေ၊ နည်းနည်းတော့ ထိတာရှိပါတယ်၊ ဥပမာ ထီးလိုမင်းလိုတို့၊ ဂူပြောက်ကြီးတို့ အပေါ်ပိုင်းလေးတွေပျက်တာရှိတယ်၊ အရင်တုန်းက အသစ်လုပ် ထားတဲ့နေရာနဲ့ အဟောင်းနဲ့ဆက်ထားတဲ့နေရာက ခါချလိုက်သလိုဖြစ်တာပေါ့နော်၊ ဒါပေမဲ့ စာရင်းအတိ အကျတော့ မသိရသေးဘူး"

ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ မန္တလေး၊ မင်းဘူး၊ ပခုက္ကူ၊ စစ်တွေ၊ သံတွဲ၊ ပုသိမ်၊ မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ၊ ရမည်းသင်း၊ ရွှေဘို၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ကျိုက်လတ် စတဲ့ မြို့ နယ်အတော်များများမှာ ငလျင်လှုပ်ခတ်မှု ခံခဲ့ရတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ငလျင်ဒဏ်ကြောင့် နေပြည်တော်က အမျိုးသားလွှတ်တော်အဆောက်အအုံမှာ မျက်နှာကျက်ကနေ အစိတ်အပိုင်းတွေ ပြိုကျတာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။