WY မူးယစ်ဆေးပြား ၁၃ သန်းကျော် နေပြည်တော်မှာ ဖမ်းမိ

RFA Burmese
2024.07.04
WY မူးယစ်ဆေးပြား ၁၃ သန်းကျော် နေပြည်တော်မှာ ဖမ်းမိ ဖမ်းဆီးရမိသူများအား စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂ဝ၂၄ ခုနှစ် ဇူလိုင် ၄ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Ministry of Information

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ မြန်မာကျပ်ငွေ ဘီလီယံ ၂၀ ကျော်ဖိုး တန်ကြေးရှိတဲ့ WY မူးယစ်ဆေးပြားပေါင်း ၁၃ သန်းကျော်ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးသယ်တဲ့ ဂိုဏ်းအဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၂၅ ရက်နေ့က နေပြည်တော်မှာ စတင်ဖမ်းမိရာကနေ ကျန်တဲ့ အဖွဲ့ဝင် ကိုးဦးအထိ ဆက်လက်ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာပါဝင်တဲ့ ဦးဝေမင်းဖြိုး (ခေါ်) ဦးအုန်းအုန်းနိုင်ဟာ Eleven Media Group ရဲ့ အယ်ဒီတာချုပ်ဟောင်းတစ်ဦးဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းမိသူတွေကို အရေးယူထားသလို ဆက်စပ်ပါဝင်သူတွေကို ဖော်ထုတ်ပြီး ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဆက်လက်အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးပြားတွေကတော့ ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို သယ်ဆောင်မယ့် ဆေးပြားတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။