ဒေါက်တာ မေဝင်းမြင့် နေအိမ် ချိပ်ပိတ်ခံရ

2022.02.28
ဒေါက်တာ မေဝင်းမြင့် နေအိမ် ချိပ်ပိတ်ခံရ စစ်ကောင်စီက လာရောက်ချိပ်ပိတ်ခဲ့သည့် ဒေါက်တာမေဝင်းမြင့်၏ နေအိမ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: CJ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ဦးလွန်းမောင်လမ်းထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေဝင်းမြင့် နေအိမ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် မနေ့က ချိပ်ပိတ်ခံလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်ခဲ့တာလို့ NLD ပါတီက ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦး က RFA ကို အတည်ပြုပြောပါတယ်။

ဒေါက်တာ မေဝင်းမြင့် ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းကစလို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်အဖြစ် ပါဝင်လာခဲ့ပြီး ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၀၇ ခုနှစ်မှာ ၁၉၅၀ အရေးပေါ် အက်ဥပဒေနဲ့ နဝတ အစိုးရက ဖမ်းဆီးခဲ့ပြီး ထောင်ခုနစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀ဝ၈ ခုနှစ်မှာ ထောင်ကနေ ပြန်လွတ်လာပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပါ အဝင် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာလည်း ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ကို ကိုယ်စားပြုပြီး လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ဒေါက်တာ မေဝင်းမြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၇၀ ရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ နေအိမ် အတွင်း ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်တာတွေ လုပ်ခဲ့တယ်လို့ NLD ပါတီက ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။