လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။

2012.12.28
dpns-talk-government-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။
Photo: Democratic Party for a New Society

ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ ဆွေးနွေခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့နဲ့တော့ အစိုးရနဲ့ပါတီနှစ်ဘက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးငွေလင်းက RFA ကိုပြောပါ တယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ဝန်ကြီး ဦးအောင်မင်းနဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး၊ မနေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့တွေ့ဆုံတဲ့အခါမှာတော့ ပါတီဝင်တွေ နေထိုင်သွားလာရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကိစ္စဆွေးနွေးတဲ့အခါမှာ လူ့ဘောင်သစ်ပါတီဝင်တွေကို မဆလခေတ်က နိုင်ငံသားတွေကိုထုတ်ပေးခဲ့တဲ့ ၃ ခေါက်ချိုး မှတ်ပုံတင်ထုတ်ပေးမယ်လို့ ပြောဆိုတဲ့အကြောင်းသိရပါတယ်။

အစိုးရနဲ့နှစ်ဘက်သဘောတူညီချက်တွေ လက်မှတ်ထိုးပြီးရင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်တွင်းမှာ ဆက်ဆံရေးရုံးဖွင့်မယ်လို့သိရပါတယ်။

ပြည်တွင်းကို ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးငွေလင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။