ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ

RFA Burmese
2024.02.01
ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် မနှင်းအိထွေးအား တွေ့ရစဉ်။
Kyaw Min Htike Facebook

တနင်္သာရီတိုင်း ထားဝယ်မြို့က ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မနှင်းအိထွေးကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က)၊ ၅၀ (ည)တို့နဲ့ ထောင်ဒဏ်ဆယ်နှစ်ချလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မနှင်းအိထွေးကို စစ်ကောင်စီက ထောင်ဆယ်နှစ်ချလိုက်တယ်လို့ သိရကြောင်းနဲ့ စိတ်မကောင်းဖြစ်မိကြောင်း သူ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဒီချိန်မှာ သူတို့ပုဒ်မတပ်ချင်သလိုတပ်တယ်၊ အမိန့်လည်း ချချင်သလို ချတယ်၊ ကျွန်မတို့ ဘာပြောလို့ရမှာလည်း၊ သူ့အတွက် စိတ်မကောင်းဘူး၊ အလုပ်လုပ်ရင်းမဟုတ်ဘဲ သူ့တူလေး ကျန်းမာရေးကြောင့် သွားရင်း အဖမ်းခံရတော့ စိတ်မကောင်းတာပေါ့၊ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်စေချင်တယ်"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆိုင်ကယ်တိုက်လို့ ထားဝယ်ဆေးရုံမှာဆေးကုသနေတဲ့ ဆွေမျိုးတော်စပ်သူကို သွားရောက်တွေ့ဆုံချိန်မှာ မနှင်းအိထွေး အဖမ်းခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၂၅၉၃၁ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁၉၉၉၃ ဦးက ဒီနေ့အထိ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။