ထားဝယ်က ဆယ်တန်းကျောင်းသူ ထောင် ၁၀ နှစ်ချခံရ

2022.03.29
ထားဝယ်က ဆယ်တန်းကျောင်းသူ ထောင် ၁၀ နှစ်ချခံရ
Photo: RFA

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကလိန်အောင် အမှတ်(၁) ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်သားများကွန်ရက် (DPPN) က RFA ကို ပြောပါတယ်။

အဖွဲ့အစည်းတစ်ခုကို Kpay ကနေ ငွေလှူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မဆောင်းနှင်းဖြူ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ဖမ်းဆီးခံရပြီး ၇ လအကြာ ဒီကနေ့မှာ ထားဝယ်ခရိုင် တရားရုံးက ထောင်ဒဏ်ချမှတ် လိုက်တာပါ။

သူဟာ ဆယ်တန်းအောင်ထားပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ လူငယ်တစ်ယောက် ဖြစ်တယ်လို့လည်း DPPN က ပြောခွင့်ရှိသူက ပြောပါတယ်။

"သူ့ကို k pay ကနေ ငွေလှူတယ်ဆိုပြီး လာဖမ်းတာ၊ ပြီးတော့ ၅၀ (ည) ပုဒ်မရယ် ၅၂ (က) ရယ် အဲ့ပုဒ်မ နှစ်ခုနဲ့ တရားစွဲတယ်ဗျ။ သူက k pay ကနေ ၁၃၅၀၀ လှူတယ်လို့ ပြောတယ်ဗျ"

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ လူငယ်တွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) အပါအဝင် စွပ်စွဲချက် ပုဒ်မအမျိုးမျိုးတပ် တရားစွဲ ထောင်ချနေတာလည်း ဖြစ်ပါတယ်။

ထားဝယ်မြို့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခံရထားရသူ အမျိုးသား ၁၇၅ ဦးနဲ့ အမျိုးသမီး ၃၈ ဦး အထိရှိပြီလို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။