ဒေါ်စောမြရာဇာလင်း ရခိုင် ငြိမ်းချမ်းရေးဆု ချီးမြင့်
2015.01.23

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သာသနာပြုနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အသျှင်ဇိနရက္ခိတက ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေး မှူး ဒေါ်စောမြရာဇာလင်းကို ဇိနရက္ခိတ ငြိမ်းချမ်းရေးဆု မနေ့က ချီမြင့်ခဲ့တယ်လို့ သိရပါတယ်။
ပထမဦးဆုံးအကြိမ် ချီးမြှင့်တဲ့ဒီဆုကို မနေ့မနက် ၁ဝ နာရီ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့အနီး ရှားဘားအရပ်ဒေသ မှာရှိတဲ့ ဆရာတော်အသျှင် ဇိနရက္ခိတ သာသနာပြုနေ တဲ့ ဗောဓိညာဏ ကျောင်းတော်ကြီးမှာ ချီမြင့်ခဲ့တာဖြစ် တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"ဒီလိုဆုချီးမြင့်ရတာဟာဆိုလို့ရှိရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေ တဲ့အပေါ်မှာ ဆုချီးမြင့်တာ ဖြစ်တယ်ဆိုတာ ကို ပြောထားပါတယ်၊ ပြီးလို့ရှိရင် ကျမဟာ ရခိုင် အမျိုးသမီးများကိုလည်းပဲ စွမ်းဆောင်နိုင်အောင် အမျိုးသမီးများ အစည်းအရုံးကို ထူထောင်ပြီးတော့ အမျိုးသမီးအဖွဲ့အစည်းကို ဖွဲ့စည်းတယ်၊ အမျိုးသမီးတွေ ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ပါဝင်လာဖို့ရာအတွက် ကြိုးပမ်းဆောင်ရွက်တဲ့အတွက် ပေးတယ်ဆို ပြီးတော့မှ သူတို့တွေ မိန့်ခွန်းပြောတဲ့အခါမှာ ထည့်ပြီးတော့ ပြောပါတယ်၊ ကျမကို ဆုလက်မှတ်တစ် ခုပေးပါတယ် ပြီးလို့ရှိရင် ဆုတံဆိပ်တစ်ခုကို ပေးပါတယ်"
ဆရာတော်အသျှင် ဇိနရက္ခိတဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ပြင်တစ်နေရာက ရှားဘားအရပ်ဒေသမှာ ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် သာသနာပြုနေသူ ရဟန်းတော်တစ်ပါးလည်း ဖြစ်ပါတယ်။
ဒေါ်စောမြရာဇာလင်းဟာ လက်ရှိရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
မနေ့က အခမ်းအနားကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင် မရမာကြီး ခေါ် ဘုရဝါတွေ၊ ရခိုင်တိုင်းရင်းသားတွေ ပါအဝင် မြန်မာနိုင်ငံသား ၂ဝဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။