PR စနစ် လက်ခံဆွေးနွေးဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်


2014.07.24
dassk-pr-305.jpg ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ PR စနစ်ကို ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်စဉ်
Photo: Win Naung Toe/RFA

လာမယ့် ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး ရွေး ချယ်နိုင်ဖို့အတွက် ရွေးကောက်ပွဲနည်းစနစ် ပြောင်း လဲပေးဖို့အဆိုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကန့်ကွက်ခဲ့ပေမဲ့ ပြည်သူ့လွှတ်တော် က လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က PR စနစ်ကို ဘာကြောင့်ကန့်ကွက်သလဲ ဆိုတာကို လွှတ်တော်ပြင်ပမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"ဒီဟာကို တင်ပြခြင်းဟာတောင်မှ တိုင်းရင်းသားတွေ ကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်စေတယ် ဆိုတာ ကျမတို့နားလည်သလောက်တော့ ဒီလိုဖြစ်နေတယ်လို့ကြားတယ်၊ အဲဒီအချက်ပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးဖို့မသင့်ဘူးဆိုတာကို ထောက်ခံတဲ့ သဘောပါ၊ ဆွေးနွေးရဲလို့ ဆွေးနွေးချင်တယ် ပြည်သူတွေလည်း တင်ပြချင်တယ် ဘာဖြစ်လို့ NLD က PR စနစ်ကို မထောက်ခံဘူးဆိုတာ၊ အဲတော့ တင်ပြတဲ့အထိစောင့်ပါ"

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က PR ရွေးကောက်ပွဲစနစ် အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရှမ်း၊ ရခိုင်နဲ့ ကရင် စတဲ့ တိုင်းရင်းသားပါတီတွေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အတော်တော်များများကလည်း ဒီနေ့ လွှတ်တော် အစည်းအဝေးကို မတက်ရောက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော်က ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူများတာကြောင့် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး ရွေးချယ်နိုင်ဖို့အဆိုကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

လွှတ်တော်မှာ ဒီကနေ့ ကန့်ကွက်ဆွေးနွေးခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကို RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။