ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်


2017.11.30
dassk-china-622 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၃ဝ ရက်နေ့က တရုတ်နိုင်ငံကို ထွက်ခွာစဉ်
Photo: Myanmar State Counsellor Office

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

နှစ်နိုင်ငံ အလုပ်သဘောချစ်ကြည်ရေးခရီးစဉ်မှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ပေကျင်းမြို့မှာကျင်းပတဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အထူး ဧည့်သည်တော် အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အတွက် ပါတီ ဥက္ကဌ ဦးသန်းဌေးနဲ့ ပါတီခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဦးစိုးနိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာနန္ဒာလှမြင့်၊ ဦးဇော်မျိုးထွန်းတို့ဟာလည်း မနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။