ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ် ရသေးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော


2014.12.30
dassk-media-press-dec30-305.jpg NLD ရုံးချုပ်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ NLD ပါတီရုံးချုပ်မှာ သတင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြား ရာမှာ ရွေးကောက်ပွဲဝင်ရေးကိစ္စ ဆုံးဖြတ်ဖို့ စော လွန်းနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို ဝင်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာကို တရားဝင်ကြေညာမှာဖြစ်ပါတယ်၊ အခုအချိန်က သိပ်စောပါသေးတယ်၊ ရွေးကောက်ပွဲကျင်းပမှာလား ဘယ်တော့ကျင်းပမှာလဲဆိုတာ တရားဝင်ကြေညာစရာ မရှိသေးပါဘူး"

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့အရေးကြီးပြီး ပြည်သူ တွေရဲ့ ဆုံးဖြတ်ချက်မမှန်မှာကို စိုးရိမ်မိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူဖို့လိုကြောင်းနဲ့ နှစ်ဘက်ပြေလည်ရေးကို ဦးတည်ပြီးဆောင်ရွက်ဖို့ လိုတယ်လို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။