ဦးမော်ထွန်းအောင်ကို လျှပ်စစ်နှင့်စွမ်းအင် ဒု-ဝန်ကြီးအဖြစ် CRPH ခန့်အပ်
2021.07.26

ကချင်လူမျိုး ဦးမော်ထွန်းအောင်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင်လ ၂၆ ရက် ဒီကနေ့ရက်စွဲနဲ့ ကြေညာ လိုက်ပါတယ်။
ဦးမော်ထွန်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ အမှတ် ၅ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
သူဟာ သဘာဝ သံယံဇာတ စီမံအုပ်ချုပ်မှု မူဝါဒအကြံပေး၊ မြန်မာ့သယံဇာတ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ လေ့လာသူတစ်ယောက်ဖြစ်သလို လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။