သတင်းစာ လွတ်လပ်ခွင့် အပေါ် နောက်ကြောင်းပြန်လှည့် တာတွေရှိကြောင်း CPJ ဝေဖန်


2013.06.13
election_law_news_305_Z.jpg သတင်းစာများကိုစီနေတဲ့ အရောင်းသမားတစ်ဦးကို တွေ့ရစဉ်
(Photo: AFP)

မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ သလို နောက်ကြောင်း ပြန်လှည့်နေတာတွေလည်း ရှိတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ဒီနေ့ ဝေဖန်ထောက်ပြလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က အကျဉ်းကျ သတင်းစာဆရာတွေကို ပြန်လွှတ်ပေးခဲ့သလို စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး မြန်မာသတင်း မီဒီယာလောက လွတ်လပ်ကျယ်ပြန့်လာခဲ့ကြောင်း၊ ဒါပေမယ့် အမှီအခိုကင်းပြီး စိုးရိမ်မှု ကင်းတဲ့ သတင်းတင်ပြချက်၊ ရေးသားချက်တွေ လုပ်ဆောင်နိုင်ဖို့ စိန်ခေါ်ချက်တွေနဲ့ အခက်အခဲတွေ ရှိနေသေးကြောင်း ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ CPJ ရဲ့ မြန်မာသတင်း လွတ်လပ်ခွင့်ဆိုင်ရာ အထူး အစီရင်ခံစာက ဆိုပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူတာတွေ ရုတ်သိမ်းအပြီး ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ  မြန်မာ အစိုးရရဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပေးထားတဲ့ ကတိတွေဟာ နောက်ကြောင်း ပြန်လှည့်လာတာ ကို တွေ့ရတယ်လို့လည်း CPJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။