ကိုဗစ်ကူးစက်မှု မြန်မာနိုင်ငံ မြင့်သည်ထက် မြင့်လာနေ

2022.02.20
ကိုဗစ်ကူးစက်မှု မြန်မာနိုင်ငံ မြင့်သည်ထက် မြင့်လာနေ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးနှာခေါင်းစည်း တပ်ဆင်ထားတဲ့ အလုပ်သမားတွေကို ၂၀၂၀ မေ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုတွေ နောက်တစ်ကြိမ်ထပ်ပြီး မြင့်တက် လာနေပါတယ်။ မနေ့က တစ်ရက်တည်းမှာ အတည်ပြုလူနာ သုံးထောင်ကျော် တွေ့တယ် လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီနဲ့ ၂ဝ ရက်ည ၈ နာရီအကြား စစ်ဆေးမှုအရ ကိုဗစ်အတည် ပြု လူနာသစ် ၃၃ဝ၃ ဦး တွေ့ရှိပြီး မနေ့က သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဆို ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၁၉၃၃၁ ဦးရှိနေပြီး အတည် ပြု လူနာပေါင်းက ငါးသိန်းခြောက်သောင်းကျော်ရှိနေပါပြီ။ ကူးစက်မှုအများဆုံးက ရန်ကုန် တိုင်းမှာဖြစ်ပြီး ၁၈ ရက်နဲ့ ၁၉ ရက်အကြား စစ်ဆေးမှုအရ ရန်ကုန်တိုင်းမှာ အတည်ပြု လူနာသစ် ၉၆၆ ဦး ဧရာဝတီတိုင်းမှာ ၄၃၃ ဦးနဲ့ ရှမ်းပြည်နယ်မှာ လူနာသစ် ၂၉ဝ တွေ့တယ် လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါ စစ်ဆေးမှုတွေကို ရန်ကုန်တိုင်းအတွင်းမှာ ပိတ်ရက်မရှိလုပ်ပေးနေတယ်လို့ လည်း ကျန်းမာရေးဌာနက ကြေညာပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စာရင်း ကောက်ယူဖို့ ခက်ခဲသွားလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်း တွေထက် လက်တွေ့မှာ အရေအတွက် ပိုပြီးများနေနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေက ယူဆနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။