ကလေးစစ်သား ၉၁ ဦး လွှတ်ပေး


2014.08.01
child-soldiers-unicef-305.jpg ကလေးစစ်သား ပြန်လည်အပ်နှံပွဲနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ ရက်နေ့က ကုလသမဂ္ဂ UNICEF တာဝန်ရှိသူများ ရှင်းလင်းနေစဉ်
Photo: Kyaw Zaw Win/RFA

အသက်မပြည့်ဘဲ တပ်မတော်မှာ စစ်မှုထမ်းခဲ့ကြတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မိဘတွေထံ ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF ရဲ့  မြန်မာနိုင်ငံဆိုင်ရာ  ဒုတိယဌာနေ ကိုယ်စားလှယ် Mrs. Shalini Bahuguna က တပ်မတော်၊ အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း အခုလို ရှင်းပြခဲ့ပါတယ်။

"ကလေးစစ်သားတွေကို မိဘတွေထံ ပြန်အပ်ပေးတဲ့ လုပ်ငန်းတွေကို စတင်ကတည်းက အခုဆိုရင် ကလေး ၃၆၄ ယောက်ကို ပြန်အပ်ပြီးဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်တာဟာ ကုလသမဂ္ဂအဖွဲ့ အစည်းတွေနဲ့ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်နိုင်တာကို ပြသတာဖြစ်ပါတယ်”

ဒီနေ့ အခမ်းအနားကို တပ်မတော်က တာဝန်ရှိသူတွေ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ILO စတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။