သံလွင်တံတား(ချောင်းဆုံ)လို့ နာမည်ပေးဖို့ လက်မှတ်ကောက်


2017.04.20
chaungsone-bridge-sign-620.jpg သံလွင်တံတား(ချောင်းဆုံ)လို့ နာမည်ပေးဖို့ မော်လမြိုင်မြို့မှာ လက်မှတ်ကောက်နေတာကို ဧပြီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ- ဗညားမူ

မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့တံတားကို မူလနာမည် သံလွင်တံတား (ချောင်းဆုံ) လို့ ပြန်လည်နာမည်ပေးဖို့ မွန်တိုင်းရင်းသားတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး တိုင်းရင်သားရေးရာဝန်ကြီးထံ ပေးပို့တောင်းဆိုသွားမှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေဆန္ဒကို အသိအမှတ်ပြုပေးဖို့ မူလတံတားနာမည်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတာလို့ သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လှုပ်ရှားမှုကော်မတီဝင် မင်းအောင်မွန် က ပြောပါတယ်။

"ကျနော်တို့ ရည်ရွယ်ချက်က ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်တဲ့ပုံစံတစ်ခုပေါ့လေ၊ စာရွက်ထဲမှာ မူလတံတားအမည်ဖြစ်သော သံလွင်တံတား(ချောင်းဆုံ)ကို ထောက်ခံတဲ့အကြောင်းကို လက်မှတ်ထိုးတာပါ"

သံလွင်တံတားကို မူလနာမည်အတိုင်းပေးဖို့ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုကို မွန်ပြည်နယ်ကမြို့နယ် ၁ဝ မြို့နယ် သာမက မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာပါ လက်မှတ်တွေကောက်ခံမယ်လို့ ပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ လက်မှတ်ကောက်ခံသွားမှာဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးထံ ပေးပို့သွားမှာဖြစ်ပါတယ်။

အဲ့ဒီတံတားကို မူလက သံလွင်တံတားချောင်းဆုံ အမည်နဲ့ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပြောင်းဖို့ လွှတ်တော်ကဆွေးနွေး အတည်ပြုခဲ့တာဖြစ်ပါတယ်။

တံတားအမည်ပြောင်းလဲလိုက်တဲ့ပေါ် ဒေသခံမွန်တိုင်းရင်းသားတွေက မူလအတိုင်းနာမည်ပေးဖို့ ကန့်ကွက်ဆန္ဒပြ တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတံတားကို၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ငွေကျပ်သန်း ဘီလီယံ ၆ဝ ကျော် ကုန်ကျခဲ့ပါတယ်။

ဒီလနောက်ဆုံးပတ်မှာ တံတားခံနိုင်ဝန် စမ်းသပ်တာတွေပြုလုပ်ပြီး မေလဆန်းမှာ ဖွင့်လှစ်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ က ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။