နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်


2013.09.16

မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်

ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲ မှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ အပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။

ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”

နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစားထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်

လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်

ဝန်ကြီး ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။