ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလမှာ ကျင်းပမယ်

မြန်မာအစိုးရက ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

2011.12.30
parliament_2011_seats_305_z.png နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
Photo: AFP/MRTV 4

ဒီသတင်းကို မြန်မာအစိုးရပိုင် မီဒီယာတွေက ည ၈ နာရီသတင်းမှာ တရားဝင် ကြေညာခဲ့ပါတယ်။ အာအက်ဖ်အေက ရန်ကုန်တိုင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးကိုကိုနဲ့ ဆက်သွယ်မေးမြန်းပြီး စိတ်ချယုံကြည်ရတဲ့ သတင်းအဖြစ် ဒီကနေ့ ည ၇ နာရီ သတင်းထုတ်လွှင့်ချိန်မှာ ကြေညာခဲ့ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၅ဝ ကျော်အတွက် ရွေးချယ်မှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လစ်လစ်နေတဲ့ နေရာအားလုံး လိုလိုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောဆိုထားပါတယ်။ ဒီရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် ကျင်းပပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း အခု ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အားနည်းချက်၊ ချွတ်ယွင်းချက်တွေ ပြင်ဆင်ပြီး ပိုမို တရားမျှတစွာ ကျင်းပပေးဖို့ ကြိုးပမ်းမယ့်အကြောင်း ပြောဆိုထားပါတယ်။

အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးကိုကိုနဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။