သုခ ကုသိုလ်ဖြစ် ဆေးခန်းအတွက် UAE ရောက် မြန်မာများ ငွေလှူဒါန်း

အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းက မျက်စိခွဲစိတ်ကုသခန်း အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် လှူဒါန်းကြတယ်လို့ သိရပါတယ်။

2010.12.22
kyaw_thu_wife_305_z.jpg ရုပ်ရှင်မင်းသား ကျော်သူ (ဝဲ) နှင့် ဇနီး ဒေါ်ရွှေဇီးကွက်။ (Photo: RFA)
(Photo: RFA)
ဒူဘိုင်းနဲ့ အဘူဒါဘီမြို့တွေရောက် မြန်မာနိုင်ငံသားတွေက စုပေါင်း လှူဒါန်းတဲ့ အလှူငွေ ဒေါ်လာ ၃ ထောင်ကျော်ကို အဲဒီအလှူရှင်တွေထဲမှာ ပါဝင်သူတဦးက ရန်ကုန်မြိ့ုက သုခကုသိုလ်ဖြစ် ဆေးခန်းကို လာရောက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။ 

ဒီအလှူငွေတွေကို ဒီဇင်ဘာ ၂၁ ရက် မနေ့က လက်ခံရရှိခဲ့ကြောင်း ကိုကျော်သူက ပြောပါတယ်၊။

“မနေ့ကပဲ ရပါတယ်၊ ဒေါ်လာ သုံးထောင်တော့ ကျော်တယ်။ Amount တော့ ကျွန်တော် သေသေချာချာ မသိဘူး၊ ဟိုဟာပေါ့ ငွေမကိုင်တော့ ကျွန်တော် မသိဘူး။”

ရုပ်ရှင်မင်းသား ကိုကျော်သူနဲ့ ဇနီးက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သုခကုသိုလ်ဖြစ် ဆေးခန်း တည်ဆောက်ပြီး အနယ်နယ်အရပ်ရပ်က လူနာတွေကို အခမဲ့ ဆေးဝါး ကုသပေးနေရာမှာ မျက်စိ ဝေဒနာသည်တွေကိုလည်း စေတနာ ဆရာဝန်တွေနဲ့ ကုသပေးနေပါတယ်။

အခုတော့ မျက်စိခွဲစိတ် ကုသခန်း ဖွင့်လှစ်ပြီး ခွဲစိတ်ရမဲ့ လူနာတွေကိုပါ ကုသပေးနိုင်အောင် တဦးကို ဆယ်ဒေါ်လာနှုန်းနဲ့ လူ ၂၅၀၀ ဆီက အလှူငွေကောက်ခံဖို့၊ အဲဒီ ကောက်ခံရရှိမဲ့ အလှူငွေတွေနဲ့ ခေတ်မီ ခွဲစိတ်ခန်းတခုအတွက် ကိရိယာတွေ ဝယ်နိုင်ဖို့အတွက် လှူဒါန်းကူညီကြဖို့ ဦးကျော်သူ ဆော်သြနေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါး လိုအပ်နေကြောင်းလည်း သိရပါတယ်။

မျက်စိခွဲစိတ်ကုသခန်း ဖြစ်မြောက်ရေးအတွက် ကိုကျော်သူ လှုံ့ဆော်ဆောင်ရွက်နေတဲ့ ၁၀ ဒေါ်လာ အလှူငွေ ကောက်ခံရရှိမှု နောက်ဆုံးအခြေအနေအကြောင်း RFA မှ ဒေါ်ခင်ခင်အိက သရုပ်ဆောင် ကိုကျော်သူကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-23 04:01

ဘယ္လို လွ ူရမွာလဲ?

Anonymous
2010-12-22 15:38

၁၀ဒေါ်လာလှူပါမည်။ဘယ်ကိုဆက်သွယ်ရပါမလဲ။

Anonymous
2010-12-25 23:59

ဘယ်လိုဆက်သွယ်လှုဒါန်းရမလဲ

Anonymous
2010-12-23 16:54

သိပ်ကောင်းတဲ့အစီအစဉ်တစ်ခုပါ။ ကျွန်တော်တို့လဲလှူခြင်ပါတယ်။ ဘယ်လို၊ ဘယ်နေရာတွေမှာလှူလို့ရမလဲ သိခြင်ပါတယ်ခင်ဗျာ။
မြန်မာပြည်သူများ ထာဝရ ငြိမ်းခြင်းပါစေလို့ ဆုတောင်မေတ္တာပို့သလိုက်ပါတယ်။