ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် ပြောင်းမည်


2017.09.22
maungmaungtint-622.JPG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အစိုးရရဲ့ လုပ်ငန်းတွေပိုပြီးတွင်ကျယ်စေဖို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် သတ်မှတ်ချက်ကို ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောပါတယ်။

နှစ်စဉ် ဘဏ္ဍာနှစ်အစကို အောက်တိုဘာလ ၁ ရက်နဲ့ အဆုံးကို စက်တင်ဘာလ ၃၁ ရက်အဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ နေပြည်တော်မှာရှိတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးမှာ ဒီကနေ့ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ဦးမောင်တင့် က ပြောပါတယ်။

"အစီရင်ခံစာတွေ ပြုစုရတာ နောက်ပြီးတော့ စာရင်းစစ်ဆေးရတာအစ၊ စာရင်းပြုစုရတာအစ အခက် အခဲတွေ အကုန်လုံးပြေလည်ဖို့အတွက် ဘက်ဂျက်နှစ်ကို အောက်တိုဘာလ ၁ ရက်နေ့ကနေပြီးတော့ စက်တင်ဘာလ ၃၁ ရက်နေ့ဆိုပြီးတော့ ပြောင်းဖို့ဆောင်ရွက်ထားတာဖြစ်ပါတယ်"

ဒါ့အပြင် နိုင်ငံတော်ရဲ့ တည်ဆောက်ရေး၊ စီပွားရေးပုံသဏ္ဍန်တွေ ပြောင်းလဲတာ၊ သီးနှံစိုက်ပျိုးမှုပုံစံတွေ ပြောင်းလဲ တာတဲ့အတွက်လည်း အခုလိုပြောင်းလဲဖို့ စီမံနေတာဆိုပေမယ့် ဘယ်နှစ်မှာ ပြောင်းလဲမယ်ဆိုတာ မပြောကြား ခဲ့ပါဘူး။

အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ် အမျိုးသားစီမံကိန်းဥပဒေ၊ နှစ်စဉ်ရသုံးမှန်ခြေဥပဒေနဲ့ အခွန်အကောက် ဥပဒေတွေကို လွှတ်တော်မှာ အတည်ပြုချက်ရယူရတာဖြစ်တဲ့အတွက် အခုဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက်ပြောင်းဖို့ကိုလည်း လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။