မြဝတီနယ်စပ် ဆက်ပိတ်ထားဦးမည်
2010.12.14

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်း သတင်းစာဆရာတွေကို ၂၀၁၀ ခုနှစ် ကုန်သွယ်မှု ပမာဏနဲ့ တခြား ကုန်သွယ်ရေး အခြေအနေတွေကို ရှင်းလင်း ပြောကြားခဲ့ရာမှာ နယ်စပ်ကုန်သွယ်ရေးဌာန ညွန်ကြားရေးမှူး ဦးဇော်မင်းက အဲဒီလို ပြောကြားခဲ့တာပါ။
မြဝတီနယ်စပ်ကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုကြတဲ့ ကုန်သည်တွေကိုလည်း ရနောင်းဖက်ကသာ စက်လှေနဲ့ ပြောင်းလဲ ကုန်သွယ်ကြဖို့ စီးပွားကူးသန်းဝန်ကြီးဌာနက ညွန်ကြားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် နယ်စပ်ပိတ်ထားတဲ့အတွက် မြန်မာဖက်က နစ်နာမှု မရှိဘူးလို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏဟာ ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့အထိ၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉ ထောင်ကျော် ရှိခဲ့ပြီး နယ်စပ်ပိတ်ထားပေမဲ့ ထိုင်းနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၂ ထောင်ဖိုးအထိ ကုန်သွယ်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။