ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ယူနွတ် ကျမ်းသစ္စာကျိန်ဆို

RFA Burmese
2024.08.08
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ယူနွတ် ကျမ်းသစ္စာကျိန်ဆို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်သည် အိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုနေစဉ်။
Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးပြဿနာကြီးမားနေချိန်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်ဟာ အိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် သြဂုတ် ၈ ရက်က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။

အဲဒီအိမ်စောင့်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရာထူးက ပြုတ်ကျစေတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ရာမှာ အဓိကကျတဲ့ ကျောင်းသားခေါင်းဆောင် နာဟစ်အစ္စလမ် (Nahid Islam) နဲ့ အာဇစ်မာမွတ် (Asif Mahmud) တို့ ပါဝင်တယ်လို့လည်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

ခေါင်းဆောင်သစ်ရွေးချယ်မယ့် ရွေးကောက်ပွဲကို အိမ်စောင့် အစိုးရက ကျင်းပပေးမှာ ဖြစ်ပြီး ဆန္ဒပြသူတွေက ၈၄ နှစ်ရှိပြီဖြစ်တဲ့ မိုဟာမက် ယူနွတ်ကို ခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ အဆိုပြုခဲ့တာပါ။

ကျောင်းသားတွေ ဦးဆောင်ပြီး သီတင်းပတ်တွေချီဆန္ဒပြခဲ့ပြီးနောက် နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပြင်သစ်ကနေ မနေ့က ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။