ရိုဟင်ဂျာ အရေး တရုတ်ပြောဆိုချက် ဘင်္ဂလားဒေ့ရှ် ဝေဖန်
2019.05.12
ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် ရိုဟင်ဂျာ ပြဿနာကို ပြေလည်စေနိုင်တယ်လို့ တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဘင်္ဂလာဒေ့ရ်ှအရာရှိနဲ့ နိုင်ငံရေးလေ့လာသူတွေက သောကြာနေ့က ဝေဖန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးပြီး ဆောင်ရွက်ပေမယ့် မြန်မာပြည်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်းဟာ လူ့အခွင့်အရေးကိစ္စရပ်တွေ အလေးမထားလို့ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရ်ှအရာရှိတွေနဲ့ သုံးသပ်သူတွေက ဘနား သတင်းဌာနကို ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာတစ်ခုတည်းနဲ့ ပြဿနာတွေ မပြေလည်နိုင်ပါ မြန်မာအစိုးရရဲ့ နိုင်ငံရေးဆန္ဒသဘောထားက ပိုပြီးအရေးကြီးတယ်လို့ ဒုက္ခသည်များ အရေးဆောင်ရွက်တဲ့ ကော်မရှင်နာက ပြောပါတယ်။
တရုတ်သံအမတ်ကြီး ဇန်ဇူးက ဒါကာမြို့မှာ ပြဿနာအတွက် အဖြေမှန်ကတော့ ဒေသဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ BCIM စီးပွားရေးစြင်္ကန် (ဘင်္ဂလာဒေ့ရ်ှ-တရုတ်-အိန္ဒိယ-မြန်မာ) အကောင်အထည်ဖော်နိုင်ခဲ့ရင် ရိုဟင်ဂျာ ပြဿနာအတွက် အကောင်းဆုံး အဖြေကိုရပြီလု့ိ ပြောဆိုထားပါတယ်။