သတင်းသမားတွေရဲ့ လျှောက် ထားမှု တရားရုံးပယ်ချ


2017.07.21
bahan-court-620.JPG ရန်ကုန်မြို့က ဗဟန်းမြို့နယ် တရားရုံးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ်စိုးမြင့်အောင်နဲ့ ဗဟန်းမြို့မရဲစခန်းက ဒုရဲမှူး အေးမင်းသိန်း တို့ကို "နိုင်ငံ သားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ" ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ မြန်မာသတင်းသမား များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဦးတိုက်လျှောက်ထားတာကို မနေ့က ဗဟန်းမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

ခရိုင်တရားရုံးကို ထပ်မံဦးတိုက်လျှောက်ထားမှာဖြစ်ပြီး ပယ်ချလိုက်တဲ့ ဗဟန်းမြို့နယ်တရားရုံးက တရားသူကြီးကို ကျင့်ထုံးဥပဒေဖောက်ဖျက်မှုနဲ့ တိုင်ကြားသွားမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော် မတီက ကိုသာလွန်ဇောင်းထက် ကပြောပါတယ်။

"တရားသူကြီး ဒေါ်သရဖီအောင်ကလည်း တရားဥပဒေကို ဖောက်ဖျက်တာပဲ ရာဇဝတ်ကျင့်ထုံး ၂၀၀ ပြဌာန်းချက်မှာ တိုင်တန်းပြီဆိုတာနဲ့ တိုင်တန်းသူကို ကျမ်းကျိန်ခိုင်းပြီး အမှုကိုလက်ခံရမယ်လို့ ပါထားပြီးသား သူက အဲ့ဒါကိုဖောက်ဖျက်ပြီး ကျတော်တို့ ဦးတိုက်လျှောက်လွာကို ပြန်ပေးတယ်၊ အဲ့တော့ ကျွန်တော်တို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ် ခရိုင်ကို ပြင်ဆင်ချက်တက်တာမျိုး တရားသူကြီးကို အရေးယူပေးဖို့ တိုင်တာမျိုးတွေလုပ်ဖို့ ပြင်နေပါတယ်"

ဒါ့အပြင် ဒီအမှုကို လက်မခံမချင်း အဆင့်ဆင့်ဆက်လက်တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအမှု တရားရုံးထုတ်ကို လာရောက်သတင်းယူတဲ့ သတင်းထောက်တွေကို တပ်ကြပ်စိုးမြင့်အောင်က လက်ကိုင်ဖုန်း နဲ့ နောက်ယောင်ခံပြီး ဓာတ်ပုံဗွီဒီယိုတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တပ်ကြပ် စိုးမြင့်အောင်ကို "နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ" အရ အရေးယူပေးဖု့ိ ဗဟန်းရဲစခန်းကို တိုင်ကြားရာမှာ ဒုတိယရဲမှူး အေးမင်းသိန်းက တပ်ကြပ်စိုးမြင့်အောင်ဟာ အဲဒီဥပဒေကို မချိုးဖောက်ခဲ့ဘူးဆိုပြီး အမှုဖွင့်မပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။