ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲတဲ့အမှု ၂၀၀ ရှိနေပြီ


2019.06.23
athan-statement-jun23-622.jpg လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အသံအဖွဲ့ရဲ့ ၂ဝ၁၉၊ ဇွန် ၂၃ ရက်နေ့ ထုတ်ပြန်ချက်ရဲ့ ပထမဆုံးစာမျက်နှာကို တွေ့ရစဉ်
Photo: အသံ - Athan

ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှုပေါင်း ၂၀၀ ရှိခဲ့ပြီး တရားစွဲခံရသူ ၂၄၆ ယောက်ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တရားစွဲခံရသူတချို့က အကျဉ်းထောင်မှာရှိနေပြီး တချို့ကတော့ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

တရားစွဲဆိုသူတွေကတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးသမားတွေဖြစ်တယ်လို့ သိရပါတယ်။

တရားစွဲခံရသူအများစုကတော့ သာမာန်ပြည်သူတွေ၊ မီဒီယာသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်လု့ိ သိရပါတယ်။

တရားစွဲခံရတဲ့ကိစ္စအများစုကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာတွေကြောင့် ဖြစ်ပါတယ်။

အဲဒီထဲမှာ နိုင်ငံရေး၊ လူပုဂ္ဂိုလ်-အဖွဲ့အစည်းတွေကို ဝေဖန်တာ၊ သတင်းဒါမှမဟုတ် ဖြစ်ရပ်မှန်ကို ရေးသားတာတွေကြောင့် တရားစွဲခံရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။