အိန္ဒိယရဲ့ မြန်မာနဲ့ဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် အားပေးထောက်ခံ တာမျိုး မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ထုတ်ဝေတဲ့ India Express သတင်းစာနဲ့ တွေ့ဆုံမေးမြန်း ရာမှာ အခုလို ဖြေကြားတာဖြစ်တယ်လို့ သတင်းစာက ဒီကနေ့မှာ ရေးသားပါတယ်။

2010.11.24
india_protest_150_z.jpg ့မြန်မာ့ ဒီမိုကရေစီရေးအတွက် India မှ ပါဝင် လှုပ်ရှားရန် တိုက်တွန်းတောင်းဆိုသော India နိုင်ငံမှ ဆန္ဒပြပွဲ တခုကို တွေ့ရပုံ။
Photo: RFA

အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့သဘောထားကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း၊ မဟတ္တမ ဂန္ဒီကြီး နဲ့ ဂျဝါဟလာနေရူးတို့ရဲ့ အစဉ်အလာ ကြီးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ဒီလမ်းစဉ်နဲ့ မိမိတို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု ဖက်ကနေ ရပ်တည်လိမ့်မယ်လို့ထင်မြင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။

ဒါ့အပြင် အိန္ဒိယအနေနဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်ဆံရေး ထားရှိတာကို မကန့်ကွက်ကြောင်၊ ဒါပေမယ့် မိမိတို့နဲ့လည်း ဆက်ဆံမယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အင်တာနက်လိုင်း ရရှိဖို့ အာဏာပိုင်တွေဆီ လျှောက်ထားကြောင်း၊ Facebook နဲ့Twitter စတဲ့ အင်တာနက် လူမူ ကွန်ယက်တွေကနေ အားပေး ထောက်ခံသူတွေနဲ့ အဆက်အသွယ်ရှိဖို့ မျှော်လင့်နေတယ်လ့ိုလည်း ပြောကြောင်း သတင်းစာက ရေးသားထားပါတယ်။

ဒီအကြောင်းနဲ့ ဆက်စပ်ပြီး အိန္ဒိယနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်ရေး အသိုင်းဝိုင်းက တုံ့ပြန်ချက် အမြင် သဘောထားတွေကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း စုစည်း တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-25 23:23

S.S.A