စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
2011.08.20

AFP
ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာဦးမြင့်၊ ဒေါက်တာ ဒေါ်ရီရီမြင့် တို့နဲ့ အတူထိုင်ပြီး ပညာရှင် ၂ ဦး ဖတ်ကြားတဲ့ စာတမ်းတွေကို နားထောင်ခဲ့ကြောင်း အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ဖို့အတွက် နိုင်ငံတကာ ကွန်ဗန်းရှင်းဌာနကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာချိန်မှာ ကြိုဆိုသူနဲ့ ဝိုင်းဝန်းကြည့်ရှုသူ များတဲ့အတွက် ရဲတွေက လမ်းရှင်းပေးခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲသဘာပတိ ကိုယ်တိုင် မတ်တပ်ထ ကြိုဆိုခဲ့သလို၊ တက်ရောက်လာသူ အပေါင်းကလည်း ဝမ်းသာအံ့သြ ဖြစ်ကြရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတချို့က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ စက်မှုကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင် တင်သွင်းဖတ်ကြားတဲ့ “ပုဂ္ဂလိက လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး ”ဆိုင်ရာစာတမ်းနဲ့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကြည်အေး ဖတ်ကြားတဲ့ စာတမ်း ၂ စောင်ကို နားထောင်ခဲ့ပါတယ်။ အဲဒီနောက် ခေတ္တ နားချိန်မှာ ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ တွေ့ဆုံ စကားပြောဆိုခဲ့ပြီး နေ့လည် ၁၁ နာရီလောက် မှာ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ပြုပြင် ပြောင်းလဲရေး စာတမ်း တင်ခဲ့တဲ့ ဟောင်ကောင် စီးတီးတက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
အဲဒီ စီးပွားရေးဆွေးနွေးပွဲကို “မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ” PDP ဥက္ကဋ္ဌ ကိုနေမျိုးဝေလည်း တက်ရောက်ပါတယ်။ သူတို့ပါတီက တင်သွင်းခဲ့တဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ကိုနေမျိုးဝေကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |