ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားအရေး အလေးပေး ဆွေးနွေး

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ပြောဆိုခဲ့ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

2012.05.31
assk-mahachai-day2-b305 ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
RFA

မနေ့က စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

"ဒုတိယ ဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ခဲ့တဲ့ အကြောင်းအရင်းကလည်းပဲ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေရဲ့အခြေအနေကို ကောင်းလာအောင်လို့ ဘယ်လို ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက် အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြေလည်ရေးအတွက်ပေါ့။ ဥပမာအားဖြင့် ဆိုလို့ရှိရင် သားသမီးတွေကို ဒေသခံထားကျောင်းတွေမှာ စာသင်ရေး စသည်ဖြင့်ပေါ့နော်၊ ပြေလည်နိုင်မဲ့ ကိစ္စတွေကို လုပ်ပေးပါမယ် ဆိုပြီးတော့ ကျွန်မတို့ ပြောပါတယ်"

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ မဟာချိုင်က အလုပ်သမားတွေရဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယမြောက်နေ့အဖြစ် သွားရောက်လေ့လာခဲ့ပြီး မဟာချိုင်က နိုင်ငံသား စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။