ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၄ ကြိမ်မြောက် တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

2011.10.30
assk-aung-kyi-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။
NLD

ဒီကနေ့ တွေ့ဆုံရာမှာ လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ ငွေကြေး လည်ပတ်ခွင့်၊ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

နှစ်ဘက် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားဖို့လည်း သဘောတူညီခဲ့ကြ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်မယ့် ကိစ္စကို နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေသစ် တရားဝင် ထွက်လာပြီးမှသာ အစည်းအဝေး ခေါ်ယူပြီး အများသဘောတူ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ဟာ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး တနာရီနီးပါး ဆွေးနွေးခဲ့ကြတာပါ။ အခု တွေ့ဆုံမှုဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ (၄) ကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-02 06:49

NOTHING HAPPEN FOR THE COUNTRY EVEN THEY MEET A HUNDRED TIMES. THEY ARE NOT SHY TO PEOPLE IN THE WHOLE COUNTRY. USELESS FOR PEOPLE IN THE COUNTRY, JUST DOING FOR THEMSELVES.