အာစီယံ ဥက္ကဌ ပေးသင့်မသင့် ဒေါ်အောင်ဆန်းစုကြည် သဘောထားကို အာစီယံခံယူမယ်

မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျ ဥက္ကဌတာဝန် ပေးမပေး ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ခံယူပြီး ဆုံးဖြတ်မယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

2011.09.20
dassk-thein-sein ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
MRTV

စစ်တပ်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ အမှန်တကယ် ဖော်ဆောင်နေပြီလား ဆိုတာကို အာစီယံအဖွဲ့က အကဲဖြတ် သုံးသပ်နေကြောင်းနဲ့ သူ့အနေနဲ့ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Natalegawa က အေပီ သတင်းဌာနကို ပြောပါတယ်။

မြန်မာအစိုးရဟာ အာစီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ရယူဖို့ အလွန်အမင်း ဆန္ဒပြင်းပြနေ တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထား၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကိုယ်တိုင်ကိုယ်ကျ ကြားသိရဖို့ အထူးမျှော်လင့် နေတဲ့အကြောင်းလည်း Mr. Natalegawa က ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။