ARSA ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ ဖော်ထုတ်ပေးဖို့ ကြံ့ခိုင်ရေး အဆိုတင်


2018.05.30
arsa-622.jpg အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo Courtesy: Amnesty International

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပေးဖို့နဲ့ လုံလောက်တဲ့ ကာကွယ်မှုတွေပေးဖို့ အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့က လုံခြုံရေးစခန်းတွေကို အင်အားသုံး တိုက်ခိုက်တာတွေ၊ လူနေအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို နေရပ်စွန့်ခွာ သွားအောင် ခြိမ်းခြောက်တာ စတဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အဆိုတင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်စေဖို့ ရခိုင်ပြည်နယ်မှာ လုံလောက်တဲ့ ကာကွယ်မှုတွေပြုလုပ်ပေးဖို့လိုတယ်လို့လည်း တင်ပြခဲ့ပါတယ်။

အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက  ထောက်ခံခဲ့ပြီး ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။