သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးရှိလာ

RFA Burmese
2025.04.19
သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးရှိလာ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၂၀၂၅ခုနှစ် ဧပြီလ ၁၉ ရက်တွင် တွေ့ရစဉ်။
Min Khant Kyaw

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဧပြီလ ၁၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၂၄ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်မှာ ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးနဲ့ ရေထွက်ရွာထဲကို ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးပွဲခြင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ၁၁ ဦးက ဆေးကုသမှုခံယူချိန်မှာ သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပြင် သေဆုံးသူ တွေထပ်တိုးလာ နိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ဒဏ်ရာရရှိထားသူတွေကိုလည်း ဆေးကုသမှုတွေ ပေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီတပ်က ငလျင်ဘေးကူညီကယ်ဆယ်ရေးအာရုံစိုက်ဖို့ ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နိုင်ငံတစ်ဝန်းမှာ ဆက်လက်ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။