သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော

RFA Burmese
2025.04.18
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာက လေကြောင်းဖြင့် ဗုံးကြဲခံရသည့်နေရာအား ၂၀၂၅ ဧပြီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၈ ရက်နေ့မနက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့လာရောက်ပြီး ပေါင် ၃၀၀ ဗုံးတစ်လုံးနဲ့ ပစ်ချခဲ့တာလို့ဆိုပါတယ်။

သေဆုံးထိခိုက်သူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

လိပ်ကျကျေးရွာဟာ မန္တလေး-မြစ်ကြီးနား အမြန်လမ်းမပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် ၆၀ ခန့်အကွာမှာရှိပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။