စလင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါး အပါအဝင် လေးဦး သေဆုံး

RFA Burmese
2024.07.24
စလင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါး အပါအဝင် လေးဦး သေဆုံး မကွေးတိုင်း၊ စလင်းမြို့နယ် တစ်နေရာကို တွေ့ရစဉ်။
စလင်း/Facebook

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တစ်ပါး အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလှိုင်တွင်းရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ဘုန်းကြီးကျောင်းထဲက စာသင်ကျောင်းကို သူတို့လေယာဉ်နဲ့ လာပစ်သွားတယ်။ ဗုံးနှစ်လုံး ကြဲတယ်၊ စက်သေနတ်နဲ့ ပစ်တယ်။ အဲဒီမှာ ကိုရင်ကြီးတစ်ပါးနဲ့ လူသုံးဦး ဆုံးသွားတယ်ဗျ။ လူနေအိမ် နှစ်အိမ် မီးလောင်ပျက်စီးသွားတယ်”

ဇူလိုင်လ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ ငလှိုင်တွင်းရွာအနီး ပျံသန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။