အလုံရဲတပ်ဖွဲ့ ပြည်သူနဲ့ တွေ့ဆုံ


2016.05.03
police-meet-public-620.jpg အလုံမြို့နယ်က ရပ်ကွက်တစ်ခုမှာ မေလ ၃ ရက်နေ့က ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မြို့မရဲစခန်းက ရဲတပ်သား ၁၆ ဦးနဲ့ စခန်းတာဝန်ရှိသူတွေဟာ အလုံမြို့နယ်က ရပ်ကွက်နှစ်ခုမှာ ပြည်သူတွေနဲ့ ဒီနေ့ လိုက်လံတွေ့ဆုံခဲ့ပါတယ်။

အရင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နဲ့ ပြည်သူတွေဟာ ကင်းကွာနေတဲ့အတွက် အခုလိုလိုက်လံ တွေ့ဆုံတာဖြစ်တယ်လို့ အလုံမြို့နယ် မြို့မရဲစခန်းက ရဲအုပ် ဦးမောင်မောင်အေးက ပြောပါတယ်။

"ကျနော်တို့ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဒီမိုကရေစီစနစ်နဲ့ အညီကျနော်တို့ရဲတပ်ဖွဲ့က အစစ၊ အရာရာမှာ ကျနော်တို့ ရဲတပ်ဖွဲ့က ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဦးစားပေး ပြီးဆောင်ရွက်ရမှာပါ၊ ကူညီပါရစေ ဆောင်ပုဒ်နဲ့ အညီဖြစ်ပေါ်လာတဲ့အခြေအနေတွေအားလုံးကို ကျနော်တို့လုပ်ပေးနိုင်တဲ့ အခြေအနေ အတိုင်းအတာတစ်ခုထိ ကျနော်တို့က ကူညီပေးသွားမှာ၊ အရင်တုန်းကတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ နဲ့က နည်းနည်းကင်းကွာနေတဲ့အခြေအနေမျိုးရှိတဲ့ခါကျတော့ ကျနော်တို့ရဲတွေရဲ့ လုပ်ဆောင်ချက် တွေကို ပြည်သူတွေက ကောင်းတယ်လို့မထင်ကြဘူး၊ အခုနောက်ပိုင်း EU ကနေဒီနည်းစနည်းတိုင်း ဆောင်ရွက်ရတဲ့အခါကျတော့ ပြည်သူတွေ ကလည်း ကျနော်တို့ရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ ပြန်လည်ပြီးတော့ အသိအမှတ်ပြုတာပါ၊ ကျနော်တို့ရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ ပူးပေါင်းလိုမှုတွေ အများကြီးရှိလာမှာပါ"

လာမယ့် မေလ ၆ရက်နေ့အထိ အလုံမြို့နယ်ထဲက ကျန်တဲ့ ရပ်ကွက်တွေမှာလည်း လိုက်လံတွေ့ဆုံ သွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ရပ်ကွက်နေပြည် သူတွေနဲ့ တွေ့ဆုံပေမယ့် ပြည်သူတွေဖက် ပူးပေါင်းပါဝင်မှု နည်းခဲ့တယ်လို့ ပြောပါတယ်။

ရပ်ကွက်နေ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို အကြံဉာဏ်တွေ တောင်းခံခဲ့သလို မှုခင်းပပျောက်လျှော့နည်းရေးအတွက် ပူးပေါင်း ပါဝင်ကြဖို့ လိုအပ်ရင် ရဲတွေကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ မှုခင်းပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ဝေငှခဲ့ပါတယ်။

အလုံမြို့နယ် မြို့မရဲစခန်းမှာ ဥရောပသမဂ္ဂ EU နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ ဗဟိုပြုရဲလုပ်ငန်း စနစ်သင်တန်းကျင်းပနေတာလည်းဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။