အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ရေး စတစ်ကာဖြန့် လှုပ်ရှားမှု စတင်


2014.12.27
students-protest-education-bill-sule-305.jpg ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်း ကန့် ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြု လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီရဲ့ တောင်းဆို ချက်တွေကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတာကို အစိုးရဘက်က အခုအချိန်အထိ တစ်စုံတရာ တုံ့ပြန်မှု မရှိသေးတာကြောင့် အခုလို စတစ် ကာလှုပ်ရှားမှုတွေ စတင် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"ဒီစတစ်ကာဖြန့်ခြင်းလုပ်တာဆိုတာကတော့ ရာဇသံပေးထားတဲ့ ရက်ပေါင်း ၆၀ ဆိုတာနီးလာ ပြီဖြစ်တယ်၊ အဲ့ဒီချိန်ထိ ဘာမှကိုအစိုးရဘက်ကနေ ပြီး ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ ဘာမှကိုဖြေကြားခြင်း မရှိသေးဘူး၊ ကျနော်တို့ကို ဆွေးနွေးညှိနှိုင်းခြင်းလဲ မရှိသေးဘူး၊ လာမယ့် ရက်ပေါင်း ၆၀ အလွန်မှာ ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေရဖို့ဆိုတာ ဆက်လက်ပြီးတိုက်ပွဲတွေဝင်ရမယ် ဆိုတာ ကြိမ်းသေပေါက်နီးပါးကို သေချာနေပြီ၊ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုကို ကျနော်တို့ဘာတွေ လှုပ်ရှားနေတယ်ဆိုတာကိုပြောနိုင်အောင်၊ ဆိုနိုင်အောင် ကျနော်တို့က ပြည်သူနဲ့နီးစပ်အောင် လမ်းပေါ်ကို ထွက်လာပြီးတော့ ကျနော်တို့က စတစ်ကာ ဖြန့်ခြင်းကိုလုပ်ရတာပါ"

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေက အဲ့ဒီဥပဒေကို အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်လဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မ တီတို့ ပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ မြို့တော်ခန်းမရှေ့မှာ လှုရှားခဲ့တဲ့ စတစ်ကာလှုပ်ရှားမှုကို ကဗျာဆရာများ သမဂ္ဂကလည်း ကဗျာတွေရွတ်ဆို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။