ခြောက်လအတွင်း အသက်မပြည့်သူ ၁၅ဝ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

RFA Burmese
2024.07.11
ခြောက်လအတွင်း အသက်မပြည့်သူ ၁၅ဝ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: Ponnagyun Youths Association - PYA

စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် ဒီနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း အသက် ၁၈ နှစ်အောက် လူငယ် ၁၅ဝ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အောက် မိန်းကလေး ၅၃ ဦးနဲ့ ယောကျ်ားလေး ၉၄ ဦး စုစုပေါင်း ၁၄၇ ဦး သေဆုံးခဲ့ပြီး နာမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ရခိုင်ပြည်နယ်က ၃၇ ဦးနဲ့ အများဆုံး ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၃၃ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာအများဆုံးဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးတာ ဒုတိယအများဆုံးဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဇူလိုင်လ ၁၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ငါးထောင်ကျော် (၅,၃၈၂) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၇,၀၀၀ ကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။