ဆစ်ဒနီ မြန်မာမိသားစုတွေနဲ့ ကိုမင်းကိုနိုင် တွေ့ဆုံ


2014.06.21
88-australia-305 သြစတြေးလျကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: 88 Facebook

သြစတြေးလျကို ရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင် ၃ ဦးဟာ ဆစ်ဒနီမြို့ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူတွေ၊  မြန်မာမိသားစုတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေး လူမှုရေးအခြေနေတွေ ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူတွေ ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တယ်လို့ ဒီပွဲကို စီစဉ်ခဲ့တဲ့ ဆစ်ဒနီအခြေစိုက် မြန်မာအသင်းက ဒေါက်တာမြင့်ချို က ပြောပါတယ်။

ဆစ်ဒနီဟောပြောပွဲမှာ မြန်မာမိသားစုတွေ နဲ့ မြန်မာ့အရေးစိတ်ဝင်စားသူ ၂၀၀ ခန့်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ သြစတြေးလျ ပါလီမန်အမတ်များအဖွဲ့ (APDB) နဲ့ မြန်မာ့အရေး စကားဝိုင်း ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ညနေမှာ မြန်မာနိုင်ငံကို ခရီးထွက်ဖို့ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့တွေ့ဆုံခဲ့ပါတယ်။

ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ သြစတြေးလျကို အခုဇွန်လ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒီညမှာ သြစတြေးလျ အနောက်ပိုင်း Perth မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။