၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်
2012.04.28

RFA
ခရီးစဉ်အတွင်း တိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို လေ့လာမှာဖြစ်တယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အာအက်ဖ်အေကို ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ဟာ ရက်သီတင်းပတ် တပတ်လောက် ကြာမြင့်မှာဖြစ်ပြီး တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ဟိုပုန်းမြို့တွေကို သွားရောက်မယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့အတွက် လှုပ်ရှားနေသူတွေကို အထောက်အကူပြု သင်တန်းတွေ တက်နိုင်အောင် ကူညီစီစဉ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။