ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်

2020.12.24
ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင် ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့က အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

မကြာသေးခင်က ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော၊ ရေတပ်က တပ်ဆင်ထုတ်လုပ်တဲ့ တိုက်ခိုက်ရေး သင်္ဘော ၆ စီးတို့ တပ်တော်ဝင်ခြင်းနဲ့ ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အမှတ် ၃ ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှာ ပြုလုပ်ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၊ ရုရှားနဲ့ အိန္ဒိယ သံတမန်အရာရှိများ တက်ရောက်တဲ့ ဒီအခမ်းအနားကို သတင်းယူနိုင်ဖို့ တပ်မတော်က ပြည်တွင်း၊ ပြည်ပ သတင်းဌာန ၂၀ နီးပါးကို ဖိတ်ကြားခဲ့ပါတယ်။

ရှေးခေတ်စစ်သူကြီးတစ်ယောက်ကို ဂုဏ်ပြုပြီး ဒီရေငုပ်သင်္ဘောကို မင်းရဲသိင်္ခသူလို့ အမည်ပေးထားတာပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံကနေ ဝယ်ယူခဲ့တာဖြစ်ပြီး မူရင်းထုတ်လုပ်တာကတော့ ရုရှားနိုင်ငံကလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။