ရန်ကုန်ရောက် စစ်ဘေးဒုက္ခသည်တွေ အလုပ်လက်မဲ့ဖြစ်နေ


2020.05.29

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ဒေသခံ ချင်းတိုင်းရင်းသားတချို့ နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့ကို တိမ်းရှောင်လာကြပါတယ်။ ဒီအထဲမှာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းသားကလေးငယ် တွေလည်း ပါဝင်ပါတယ်။

ရန်ကုန်မှာ ရရာအလုပ် လုပ်ကိုင်ဖို့  ရောက်လာကြတဲ့ ဒီဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အလုပ်တွေ ရပ်နားထားတဲ့ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေပြီး စားသောက်ရေး အခက်အခဲ ရင်ဆိုင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။