သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-31
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခွင့်ပြုချက်မရှိ ပဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်း အဆောက်အအုံ ၁၄၀ ကျော်နဲ့ နေအိမ်အဆောက် အအုံ ၄၀၀ ကျော်ကို စိစစ်အရေးယူသွားမယ် လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူ ဦးအောင်ကျော်က ပြောပါတယ်။
2016-07-31
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက် အစိုးရ၊ UNESCO နဲ့ ပြင်ပပညာရှင်တွေစုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-31
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံမူ ၈ ချက်ကို ယေဘူယျဘုံသဘောထားအနေနဲ့ သတ်မှတ်နိုင်ခဲ့သလို ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အခြေခံမူတွေကိုလည်း အခြေခံအနေနဲ့ သတ်မှတ်နိုင်ခဲ့တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
2016-07-31
ရန်ကုန်မြို့ Orchid Hotel မှာ မနက်ဖြန်ကျင်းပ မယ့် မြန်မာအမျိုးသမီးသတင်းသမားများအကြား ကွန်ရက်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အကြောင်းနဲ့ အမျိုးသမီးသတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို Myanmar Women Journalists Society မြန်မာအမျိုးသမီး သတင်းထောက်များအသင်း အလုပ် အမှုဆောင် ဒေါ်အိမ့်ခိုင်ဦးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-30
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့် ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမ ထွက်အောင်ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲ မစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ တဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်း ဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
2016-07-30
နိုင်ငံရေးပါတီအားလုံး ၂၁ ရာစု ပင်လုံညီလာခံမှာ တန်းတူပါဝင်ခွင့်ရရှိဖို့နဲ့ သြဂုတ်လမှာ ကျင်းပမယ့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို နိုင်ငံတော်အစီအစဉ်နဲ့ ကျင်းပဖို့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေးပါတီ ၃ဝ ကျော်က တောင်းဆိုလိုက်ပါတယ်။
2016-07-30
မြန်မာနိုင်ငံပြဿနာဖြေရှင်းမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အာလုံးပါဝင်နိုင်မယ့်သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်ဖို့ မိုင်ဂျာယန်ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်ပင်နေကြသလို၊ ဒီကိစ္စကို NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့ တွေပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြတယ်လို့ သိရပါတယ်။
2016-07-30
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာနိုင်ငံအမျိုးသား မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအဝေးမှာ တက်ရောက်နေပါတယ်။ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ထွန်းမြတ်နိုင် ကို RFA သတင်းထောက် ကိုရဲထက် က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-07-30
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကေ်ာမရှင်ကို အသစ်ပြည်လည်ဖွဲ့စည်းဖို့ လွှတ်တော်ကိုယ်စား လှယ်တွေ က ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့ ပြည်ထောင် စု လွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းဆို ခဲ့ပါတယ်။
2016-07-30
အစိုးရသစ်ရဲ့ စီးပွားရေး မူဝါဒသစ်အပေါ် စီးပွားရေးပညာရှင် ဦးခင်မောင်ညိုအမြင် NLD ဦးဆောင်တဲ့ အစိုးရသစ်က ထုတ်ပြန်လိုက်တဲ့ စီးပွားရေး မူဝါဟာ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆက်နွယ်နေပြီး ဒီရည်မှန်းချက်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာလည်း အသေးစိတ်ဖော်ပြထားတာ မတွေ့ရဘူးလို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်လိုက်ပါတယ်။
2016-07-29
သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေလည်း တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA က တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ တိုက်တွန်းပြောလိုက်ပါတယ်။
2016-07-29
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံရဲ့ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစီအစဉ် မှာ ပြင်ပပညာရှင်တစ်ဦးက စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောကြားခဲ့တာကြောင့် ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်ကြောင်း ညီလာခံကို စာနဲ့တင်ပြပါတယ်။
2016-07-29
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တပ်သားသစ် စုဆောင်းတဲ့အနေနဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် ပလောင်တိုင်းရင်းသားဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-07-29
နာမည်ကျော်စေတနာရှင် စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဦးစိုးတင့်က သိန်း ၈၀၀၀ ကျော် အကုန်အကျခံပြီး ပျဉ်းမနားမြို့မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ အ လ က (၁) ကန်နားကျောင်း လေးထပ်အဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တဲ့အတွက် ရပ်ဆိုင်းထားဖို့နဲ့ ဒီညွှန်ကြားချက်ကို မလိုက်နာရင် တရားစွဲမယ့်အကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားစာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းပြောခွင့်ရသူ ဦးအောင်ချို ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
လယ်ယာမြေပြဿနာတွေ ဖြေရှင်းပေးဖို့ အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေကို ဖျက်သိမ်းလိုက်ပါပြီ။ ခုအစိုးရသစ်လက်ထက်မှာ အဆင့်ဆင့် ဖွဲစည်းရမယ့် လယ်ယာမြေစိစစ်ရေးကော်မတီတွေအကြောင်း တောင်သူလယ်သမားကွန်ရက်အဖွဲ့က ဦးဇော်ရမ်း ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။