TNLA တပ်ဖွဲ့က စစ်သားစုဆောင်းနေတာကြောင့် ဒေသခံတွေထွက်ပြေး


2016.07.29

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တပ်သားသစ် စုဆောင်းတဲ့အနေနဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် ပလောင်တိုင်းရင်းသားဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တာဝန်ရှိသူ ဗိုလ်မှူးတာအိုက်ကျော် က ဒီကိစ္စကို စုံစမ်းနေဆဲသာဖြစ်ကြောင်း အာအက်ဖ် အေက မေးမြန်းရာမှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။